မိုင်းယောင်း ဧပြီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ မိုင်းယောင်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) တပ်ဦးကျောင်းဆောင်သစ် တည်ဆောက်နေမှုအခြေအနေအား မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျောင်းဆောင်သစ် တည်ဆောက်မှုအား တပ်မတော်သားများနှင့် စေတနာရှင်များက လုပ်အားဒါနအဖြစ် ပါဝင်ကူညီကုသိုလ်ယူနေကြကြောင်းလည်း သိရသည်။
မြို့နယ်(ပြန်/ဆက်)