ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း (အခမဲ့)ဖွင့်လှစ်

ကျောက်ဆည် ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများတတ်မြောက်ပြီး မိသားစုအပိုဝင်ငွေမှစီးပွား ဖြစ်ဝင်ငွေရရှိရေးအတွက် ဧပြီ (၂၈) ရက်နံနက် (၉)နာရီက လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့်     ကိုယ်ပိုင်စီးပွားရေးထူထောင်ပြီး   တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကြောင်း သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး  သင်တန်းနည်းပြဆရာမ ဒေါ်အေးအေဝင်းက ဘက်စုံသုံးဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်သိရသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ(၂၈)ရက်မှ ဧပြီလ(၃၀)ရက်နေ့ အထိ(၃)ရက်ကြာ သင်တန်းသား/သင်တန်းသူ(၂၀)ဦးအား သင်တန်းနည်းပြဆရာမ ဒေါ်အေးအေဝင်းက စာတွေ့၊ လက်တွေ့(အခမဲ့) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)