မြစ်သား ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး စိုက်ဧက(၂၀၁၁၀)လျာထားဆောင်ရွက်လျက်ရှိရာ စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအနေဖြင့် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ နွေစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ကင်းတားရေလှောင်တမံဆည်ရေမှ စမာမြောင်း၊ ပန်းလောင်မြစ်နှင့် မြှောင်းကြီးဘောင်းမြစ်တို့မှတစ်ဆင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ထိုသို့ စိုက်ပျိုးရေစနစ်တကျဖြန့်ဝေမှုကြောင့် ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းမှုရှိကာ ယခု ၂၀၂၄ - ၂၀၂၅ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး စိုက်ဧက(၂၀၁၁၀)ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
နွေစပါးစိုက်ပျိုးထုတ်လုပ်မှုသည် မိုးစပါးထက်အထွက်နှုန်းကောင်းလေ့ရှိပြီး ပန်းတိုင်အထွက်နှုန်းလည်း ပြည့်မီကျော်လွန်ကြသဖြင့် နွေစပါးစိုက်ပျိုးမှုဖြင့် နိုင်ငံ့စီးပွားတိုးတက်လျက်ရှိကာ တောင်သူများလည်း ထပ်တူအကျိုးခံစားရ၍ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)