ပန်းဘဲတန်း ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြာင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စာရေးဆရာမ တင့်တယ်ခင်က မုဒိတာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးနောင်ရဲဖြိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
စာဖတ်ဝိုင်းတွင် ဆရာတော်ဦးတေဇ၏ “သုဂတောကျင့်စဉ်”စာအုပ်အား ဆရာတော်ဦးတေဇမှ ကိုယ်တိုင်ဖတ်ကြားဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူBook Club အဖွဲ့ဝင်များက အပြန်အလှန်ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားစေရန်နှင့် စာအုပ်များမှတစ်ဆင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ဝန်ထမ်းစာဖတ်ဝိုင်းများ၊ စာပေချစ်မြတ်နိုးသူ Book Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများအား လစဉ်အစဉ်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဧကရီ(ပြန်/ဆက်)