တောင်ဥက္ကလာပ ဧပြီ ၂၆
မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်းမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ လိုက်လံစစ်ဆေးဆောက်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများမရှိစေရေး၊ ဈေးဆိုင်ခန်းများအနေဖြင့်လည်း မိမိတို့ဆိုင်များတွင် မီးချိပ်၊ မီးကပ်များထားရှိကြရန်၊ ရှုပ်ထွေးနေသောဝါယာကြိုးများနှင့် ဆွေးမြေ့နေသောဝါယာကြိုးများအား စနစ်တကျထားရှိခြင်းနှင့် လဲလှယ်ခြင်းများပြုလုပ်ကြရန်၊ ရေသိုလှောင်ကန်ထားရှိရန်စသဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြပြီး မီးသတိမူရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဟန်နီကျော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င်များပူးပေါင်း၍ အိမ်ခြေပေါင်း(၁၃၄)လုံးတို့အား လိုက်လံစစ်ဆေးပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်ဆက်)