ပုဇွန်တောင် ဧပြီ ၂၆
၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူးကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ရေကျော်ဈေးအတွင်း၌ မီးဘေးအသိပညာပေးခြင်းနှင့်မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးရာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းရှိ ရေကျော်ဈေးတွင် ပုဇွန်တောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမင်းဇော်၊ မြို့နယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်းဦးဆောင်၍ သန္ဓေ(၁၀)ဦး၊ အရန်(၄)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် ရေကျော်ဈေးစည်ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် စားသောက်ကုန်များ ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ ဆိုင်ခန်းများတွင် မီးအသုံးပြုမှုစနစ်တကျရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးအတွင်း/အပြင်နှင့် ဈေးသွား/ဈေးလာများ၊ ရပ်ကွက်ပြည်သူများအား မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်