ပြင်ဦးလွင်မြို့တွင်  ပြည်သူ့သက်သာဈေးရောင်းချခြင်း ဆောင်ရွက်

ပြင်ဦးလွင် ဧပြီ ၂၆   

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ  ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြင်ဦးလွင်မြို့နေ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ အမဲ၊ ဝက်၊ ဆိတ် အသားများ၊ ဆန်၊ စားအုန်းဆီ၊ ကြက်ဥများအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊ ကျောက်တိုင်ကွင်းအတွင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူ့သက်သာဈေးရောင်းချခြင်းအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြည်သူ့သက်သာဈေး၌ ပြည်သူတစ်ဦးလျှင် ဆီ(၁)ပိဿာ (၇,၉၉၅/-)ကျပ်ဖြင့် စားအုန်းဆီ (၃၃၀)ပိဿာ၊ ကြက်ဥ(၁၀)လုံး (၃,၅၀၀/-)ကျပ်ဖြင့် အလုံး(၃,၀၀၀)လုံး၊ ဆန်(၁)ပြည် (၃,၂၀၀/-)ကျပ်ဖြင့် ဆန်(၁၀)အိတ်၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးမှ အသားသတ်မှတ်ဈေးနှုန်းဖြင့် ဝက်သား(၁) ပိဿာလျှင် (၂၆,၀၀၀/-)ကျပ်ဖြင့် ဝက်သား(၃၀)ပိဿာ၊ ဆိတ်သား(၁)ပိဿာလျှင် (၂၈,၀၀၀/-)ကျပ်ဖြင့် ဆိတ်သား(၁၅)ပိဿာနှင့် အမဲသား(၁)ပိဿာလျှင် (၂၈,၀၀၀/-)ကျပ်ဖြင့် အမဲသား(၃၀)ပိဿာတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးရောင်းချပေးခဲ့ပါကြောင်းနှင့် အပတ်စဉ်သောကြာနေ့တိုင်း ရောင်းချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရှိရသည်။

ခရိုင်၊ပြန်/ဆက်