အလုံ ဧပြီ ၂၆
အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက စောရန်ပိုင်အနောက်ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုသို့ ဆောင်ရွက်ရာတွင် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ် ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate) ဆေးခတ်ခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ HA-1 ဦးသန်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ကျန်းမာရေးဌာန (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး)၊ မြို့ နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်တို့ကိုလည်း ဖြန့်ဝေပေခဲ့ကြောင်း သိရသည်။
ယောဧရာ(ပြန်/ဆက်)