ညောင်ဦး ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မီးသတ်စခန်း၏ အရှေ့ဘက်(၂) ဖာလုံခန့် အကွာ အမှတ်(၁)ရပ်၊ ရုံးညောင်ပင်စက်လှေဆိပ်၌ ဧပြီ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်က အသက်(၁၄)နှစ်ခန့်ရှိ ကလေးလေးဦးရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်ပျောက်ဆုံးနေသည့် သတင်းရလျှင်ရခြင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ်၊ အထောက်အကူပြုယာဉ်၊ လူမှုကယ်ဆယ်ရေးယာဉ်၊ စက်လှေ(၂)စီးတို့နှင့်အတူ ဒေသခံ ပြည်သူများပူးပေါင်းကာ ရေပြင်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ၊ ပိုက်ကွန်တိုက်ရှာဖွေ ခြင်း၊ ရေငုပ်ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ အမှတ်(၃)၊ မြို့မကွက်သစ်ရပ်နေ မောင်အောင် ကျော်ဇေယျ အသက်(၁၇)နှစ်၊ မောင်မိုးမြင့်ကျော် အသက်(၁၃)နှစ်၊ အမှတ်(၄)၊ မှန်ကြို ရပ်နေ မောင်ဖြိုးညီညီ အသက်(၁၅)နှစ်၊ အမှတ်(၃)မြို့မကွက်သစ်ရပ်နေ မောင်ဖုန်းဇော် ဟန် အသက်(၁၄)နှစ်တို့၏ ရုပ်အလောင်းများ နေ့ခင်း ၂ နာရီခွဲအချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး လူမှုကူညီကယ်ဆယ်ရေးယာဉ် (၂)စီးတို့ဖြင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်ဦးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၂၅)၊ (၅/၂၀၂၅)၊(၇/၂၀၂၅)တို့ဖြင့် အသီးသီးအမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း (ပြန်/ဆက်)