မန္တလေးစျေးချိုတော်နှင့်မန်းမြန်မာပလာဇာရှိ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်

ချမ်းအေးသာစံ ဧပြီ ၂၅

မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် စျေးချိုတော်နှင့် မန်းမြန်မာပလာဇာရှိ အဆောက်အအုံတချို့ ငလျင်ဒဏ်ခံခဲ့ရပြီး ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ကြံ့ခိုင်မှု ရှိသောကြောင့် ဧပြီလ (၂၁)ရက်နေ့မှ ဆိုင်ခန်းများစတင်ဖွင့်လှစ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မန္တလေးစျေးချိုတော်နှင့် မန်းမြန်မာပလာဇာရှိ အဆောက်အဦးတချို့ ကြံ့ခိူင်မှုရှိ/မရှိစစ်ဆေးခဲ့ရာ ကြံ့ခိုင်မှုရှိကြောင်း သတ်မှတ်ခဲ့သဖြင့် မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ဘေးအန္တရာယ် ကင်းရှင်းပြီဖြစ်ရာ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ရာ ဧပြီလ (၂၁) ရက်နေ့မှစပြီး ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ယခုအခါ မန္တလေးစျေးချိုတော်နှင့် မန်းမြန်မာပလာဇာရှိ ဆိုင်ခန်းတော်တော်များများသည် ပုံမှန်စျေးဖွင့်ချိန် မနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်ထိ ဖွင့်လှစ်ရောင်းချလျက်ရှိရာ စျေးရောင်းစျေးဝယ်အများအပြား စည်ကားလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)