ရမည်းသင်းမြို့နယ်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ဆန်စေတီဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရမည်းသင် ဧပြီ ၂၅

ရမည်းသင်းမြို့နယ်အတွင်း မတ် ၂၈ ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်ခြင်းကြောင့် ဘုရား၊ စေတီပုထိုးများ၊ လူနေအိမ်များ၊ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီက ရမည်းသင်းမြို့ ရွှေစည်းခုံရပ်ကွက်ရှိ ဆန်စေတီ ဘုန်းတော်ကြီး ကျောင်းဆောင်နှင့်အုပ်နံရံပြိုကျပျက်စီးခြင်းတို့ကိုခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ စုစုပေါင်း(၁၅၀)ဦး စုပေါင်း၍ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)