ဘိုကလေး ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွက် အားကိုးအားထားပြုရသည့် စိုက်ပျိုးရေးကဏ္ဍအတွက် ရေတော်မိုးတော်စိုက်ဧကများ၊ ပိုက်ဆံလျှော်များ ထည့်သွင်းစိုက်ပျိုးရန်ရည်မှန်းထားကြောင်း၊ စိုက်ဧက(၁)ဧကလျှင် တင်း(၁၀၀)ကျော်ထွက်ရှိရေး ရည်မှန်းချက်ပြည့်မှီရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍများနှင့် MSME လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်ဖွံ့ဖြိုးရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံကိန်းဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာဆွေတို့က ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းတာဝန်များအား သက်ဆိုင်ရာဌာနများအလိုက် ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)