ပူတာအိုမြို့၌ ရဝမ်လူမျိုးများ၏ ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်) သင်တန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

 ပူတာအို ဧပြီ ၂၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးဖွင့်လှစ်သော ရဝမ်လူ မျိုးများ၏ ရှေးဟောင်းအနုပညာ (အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဧပြီ(၂၃)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ကျင်းပသည်။ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။ အဆိုပါ ရဝမ်လူမျိုးများ၏ ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းသို့ ပူတာအို ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ စုစုပေါင်း(၅၀)ဦးတို့ကို ဧပြီ(၁၉)ရက်မှ (၂၆)ရက်နေ့အထိ သင်တန်းနည်းပြများက သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ရဝမ်အဇီး(မနောအက)အမျိုးမျိုးကပြ ခြင်း၊ သော်ရော်(အတီး)၊ Taw Tere (သော်ဌေရေ အမှုတ်)၊ Mang rong (မန်ရောင် အတီး) ၊Pahaq(ပဟ အက)၊ Pamalam(ဖမာလာမ် အက)၊ မန်ရောင်(အဆို)များကို စာတွေ့/လက်တွေ့သင်ကြားပေးခဲ့သည့်အပြင် ရဝမ် လူမျိုးများ၏သမိုင်း၊ ရဝမ်မနောအကအမျိုးမျိုး၊ ပြောင်းလဲကျင့်သုံးမည့် PR စနစ်၊ ရဝမ်လူမျိုးများ၏ အမျိုးသားစရိုက်လက္ခဏာများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ လူငယ်နှင့်စီးပွားရေး၊ IT&AI မိတ်ဆက်၊ ယာဉ်/လမ်းစည်းကမ်း၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ Fitness Dance ၊လူငယ်နှင့်အနာဂတ် စသည့်ခေါင်းစဉ်များဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)