ပခုက္ကူမြို့နယ်တွင် ဒေသထွက်ဖရဲသီးများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

ပခုက္ကူ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဒေသထွက်ဖရဲသီးများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးသည်များထံက သိရသည်။

ပခုက္ကူမြို့နယ်တွင် လက်ရှိတွင် ဖရဲသီးများထွက်ရှိနေပြီး ယခုနှစ် ဧပြီလပထမအပတ်မှစတင်ပြီး ဖရဲသီးများ ဝယ်ယူမှု များပြားကာ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဒေသထွက်ဖရဲသီးများကို တစ်ရက်လျှင် အလုံးရေ ၂၀ မှ ၄၀ အထိ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိရာ ဖရဲသီးအကြီးအသေးပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် ၃၀၀၀ မှ ၇၀၀၀ အထိ ပေါက်ဈေးရှိကြောင်း၊ မြို့နယ်အတွင်းစိုက်ပျိုးထွက်ရှိသည့် ဖရဲသီးများနှင့် အခြားကုန်စိမ်းများကို အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)