ကျိုင်းတုံ ဧပြီ ၂၅
၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် ၇၉ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့ ရပ်တော်မူဘုရားနှင့် စွန်တောင်းစေတီတို့တွင် ယနေ့နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ကျိုင်းတုံမြို့ ရပ်တော်မူဘုရားနှင့် စွန်တောင်းစေတီတို့တွင် ဘုရားပန်း၊ ရေချမ်းကပ်လှူပူဇော်ပြီး ဘုရားရေသပ္ပါယ်ခြင်းနှင့် ဘုရားပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)