ဒဂုံမြောက် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၁) နှင့် (၄၂) ရပ်ကွက်ရှိ ပြည်သူများအား မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အမှတ် (၄၁) ရပ်ကွက်၊ အမှတ် (၄၂) ရပ်ကွက်အတွင်း အိမ်ခြေ (၁၀၀)၊ အိမ်ထောင်စု (၁၃၀) တို့အား တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ၊ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ