မိတ္ထီလာ ဧပြီ ၂၄
မိတ္ထီလာခရိုင်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် မန္တလေးငလျင်ကြီးကြောင့် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်မှ သေဆုံးသူ ၁၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၃ ဦး၊ သာစည်မြို့နယ်မှ သေဆုံးသူ ၄၇ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၄ ဦး ၊ ဝမ်းတွင်းမြို့နယ်မှ သေဆုံးသူ ၅၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁ ဦးတို့အတွက် သေဆုံးသူတစ်ဦးလျှင် ၃ သိန်းကျပ်၊ ထိခိုက်ဒဏ်ရရှိသူတစ်ဦးလျှင် ၅ သောင်းကျပ် နှုန်းဖြင့် ကာယကံရှင်မိ သားစုဝင်များထံ ထပ်ဆင့် ပေးအပ်နိုင်ရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများထံသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ