မိတ္ထီလာ ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း မြေငလျင်ဒဏ်ကြောင့် ယိမ်းယိုင်သွားသည့် ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်း ကွန်ကရစ်တိုင်များ ပြန်လည် တည့်မတ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကို ဦးဆောင်သောအဖွဲ့သည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်း ကွန်ကရစ်တိုင်များ ယိမ်းယိုင်သွားခြင်းအား ပြန်လည်တည့်မတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မြို့နယ်အတွင်း လျှပ်စစ် ဓာတ်အားများ ပြန်လည် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)