မောက်မယ်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မောက်မယ် ဧပြီ ၂၅

ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိအား စျေးတန်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းလိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်ကဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏နေအိမ်များ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စနစ်တကျရှိစေရေး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များနှင့် မီးသတ်ဆေးဘူးများ၊ ရေကန်များ ဖြည့်တင်းထားရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊  မီးဖိုဆောင်အတွင်း မီးဘေးလုံခြုံမှုရှိစေရေး၊ မီးဖိုဆောင်သုံးပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရှိရန်၊ မိမိနေအိမ်ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သော အမှိုက်သရိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများ စနစ်တကျသန့်ရှင်းရေးများ ပြုလုပ်ထားရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)