တောင်ကြီး ဧပြီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်ဖူဆယ်ဆပ်ကော်မတီနှင့် ဖြူစိမ်း Iconsport တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် အလွတ်တန်းဖိတ်ခေါ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပသည်။
ရှေးဦးစွာ MONG TAI အသင်းနှင့် ADDNIS အသင်းတို့ ပထမဗိုလ်လုပွဲအဖြစ် ယှဉ်းပြိုင်ကစားကြရာ ယှဉ်ပြိုင်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖူဆယ်ဘောလုံးအသင်းများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးရာ MONG TAI အသင်းက ADDNIS အသင်းကို ငါးဂိုး လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ Rhino၊ ဖြူစိမ်း lconsport နှင့် ဖူဆယ်ချစ်သူ ပရိတ်သတ်များမှ အလှူရှင်များက ငလျင်ဘေးအတွက် အလှူငွေကျပ် ၅,၈၀၃,၄၀၀/- အားပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမူရေးဝန်ကြီး ဦးမင်းမင်းလွင်ကလက်ခံရယူပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်တာဝန်ရှိသူတို့က အလွတ်တန်း ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော MONG TAI အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားကျပ် ၁၀ သိန်းနှင့် ပထမဆုဖလားကိုလည်းကောင်း၊ ဒုတိယဆု ရရှိသော ADDNIS အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသား ကျပ် ၇ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသော ဆောက်သမ်ချယ်ရီ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ကျပ် ၅ သိန်းကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆုရရှိသူကို ဆုတံဆိပ်နှင့် ငွေသားကျပ် ၅၀,၀၀၀/- ကိုလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုရရှိသူကို ဆုတံဆိပ်နှင့် ငွေသားကျပ် ၅၀,၀၀၀/- ကိုလည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသူကို ဆုတံဆိပ်နှင့် ငွေသားကျပ် ၅၀,၀၀၀/- ကိုလည်းကောင်း၊ အသက် ၃၈ နှစ်အထက် ပထမဆုရရှိသော Apple FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ကျပ် ၅ သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော Ac FC အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် ၃ သိန်းကိုလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)