လှိုင်သာယာ(အနောက်ပိုင်း) ဧပြီ ၂၅
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စုပေါင်းရုံး၊ မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင် (၂) ဦးကျော်သူဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မောင်မောင်ကျော်၊ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူးရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်၊ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် (ခမရ-၅၃၂) မှ ဗိုလ်ကြီး မြတ်ထွဋ်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ကြွယ်ကြွယ်ဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ စက်မှုဇုန်များမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဦးဌေးနိုင်က ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ကြွယ်ကြွယ်ဌေးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ နည်းဥပဒေများကို အသိပညာပေးရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကိုဆွေးနွေးကြရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဦးဌေးနိုင်နှင့် ဥပဒေအရာရှိ ဒေါ်ကြွယ်ကြွယ်ဌေးတို့က ပြန်လည်ရှင်းလင်းခဲ့သည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် ပြည်သူစုစုပေါင်း (၂၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)