မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်း

ချမ်းအေးသာစံ ဧပြီ ၂

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ပြည်တွင်းမန္တလေးမြို့ အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင် ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းမှုအနေဖြင့် အလှူရှင်များဖြစ်သည့် Mr.Johnny Teng ၊ Mr.Andy Lin ၊ Miss.Peng Shun Chen ၊ Miss.Michelle Wang and Miss.Chris Lin တို့က  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် တန်ဖိုး ငွေ ၄၅,၀၀၀,၀၀၀ ကျပ်ရှိ Physiological Monitor နှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဧပြီလ(၂၄)ရက်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်