နေပြည်တော် ဧပြီ ၂၅
၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိ(တပေါင်းကွင်း)၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက ငလျင်ဖြစ်ပေါ်လာရသည့် အခြေအနေများ၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများနှင့် ဝန်ထမ်းများ ထိခိုက်ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော်လည်း ထိခိုက်သေဆုံးမှုနည်းပါးခဲ့သည်မှာ အဆိုးထဲမှ အကောင်းဟု ယူဆနိုင်ပြီး စိတ်အားတင်းရမည်ဖြစ်ကြောင်း၊ အဆောက်အအုံ များထိခိုက်ပျက်စီးခဲ့မှုများနှင့် ပတ်သက်၍လည်း အဆောက်အဦပျက်စီးမှုများအပေါ်မူတည်ပြီး နိုင်ငံတော်မှ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ဆေးကုသရေးအဖွဲ့များအနေဖြင့်လည်း လာရောက်ကုသပေးလျက်ရှိကြောင်း အင်းအားပြင်းမြေငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ယာယီဆေးရုံများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံဝန်ထမ်းများ၊ ပြည်သူများသို့ သွားရောက်အားပေးခဲ့ပြီး ပျက်စီးမှုများ၊ ကူညီကယ်ဆယ်နေမှုများကို ကွင်းဆင်းစစ်ဆေး ကူညီကယ်ဆယ်ပေးခြင်းနှင့် ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်မှယန္တရားများ၊ အရာရှိစစ်သည်များ ထုတ်နုတ်၍ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် တပ်မတော်ဆေးတပ်ဖွဲ့မှ ဆရာဝန်များက နယ်လှည့်ဆေးကုသယာဉ်များဖြင့် ကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး အထူးအစည်းအဝေးများလည်း ကျင်းပပြုလုပ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက နိုင်ငံတော်မှထောက်ပံ့သည့် သေဆုံးသူတစ်ဦးလျှင် ကျပ်ဆယ်သိန်းနှုန်းဖြင့် ၂၆၃ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၆၃,၀၀၀,၀၀၀ (ကျပ် နှစ်ထောင့်ခြောက်ရာသုံးဆယ်သိန်းကျပ်တိတိ)အားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် သေဆုံးသူတစ်ဦးလျှင် သုံးသိန်းကျပ်နှုန်းဖြင့် ၂၆၃ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ကျပ် ၇၈,၉၀၀,၀၀၀ (ခုနှစ်ရာရှစ်ဆယ့်ကိုးသိန်းကျပ်တိတိ)အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အခမ်းအနားသို့တက်ရောက်လာသည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့သည်။
၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင် ၂၆၃ ဦးအတွက် ထောက်ပံငွေစုစုပေါင်း ကျပ်သိန်းပေါင်း ၃၄၁,၉၀၀,၀၀၀ (သုံးထောင်လေးရာတစ်ဆယ့်ကိုးသိန်းကျပ်တိတိ)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ကျင်းပပြုလုပ်သည့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးတို့က လယ်ဝေးမြို့နယ်အတွင်းရှိ အင်အားပြင်မြေငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူများ၏ မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကားအသီးသီး ပြောကြားခဲ့သည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက နိုင်ငံတော်မှထောက်ပံ့သည့် သေဆုံးသူတစ်ဦးလျှင် ကျပ်ဆယ်သိန်းနှုန်းဖြင့် ၅၀ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ၅၀,၀၀၀,၀၀၀ (ကျပ် သိန်းငါးရာ တိတိ)အားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် သေဆုံးသူတစ်ဦးလျှင် သုံးသိန်းကျပ်နှုန်းဖြင့် ၅၀ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ၁၅,၀၀၀,၀၀၀ (ကျပ် သိန်းတစ်ရာ့ငါးဆယ် တိတိ)အား လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အခမ်းအနားသို့တက်ရောက်လာသည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့သည်။
၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် လယ်ဝေးမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင် ၅၀ ဦးအတွက် ထောက်ပံငွေစုစုပေါင်း (ကျပ် ခြောက်ရာ့ငါးဆယ်သိန်း တိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး အင်အားပြင်မြေငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူများ၏ မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကားအသီးသီးပြောကြားကာ ထောက်ပံ့ပေးအပ်နေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)