ပုဇွန်တောင် ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း(အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကာတွန်းဆရာ ဦးတင်ကိုခန့်(ကာတွန်းကိုခန့်)က ယခုသင်ကြားပေးသည့် အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းကို တက်ရောက်ကြသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် ကာတွန်းရေးဆွဲနည်းပညာကို အခြေခံမှစတင်၍ အလွယ်တကူ တတ်မြောက်သွားအောင် သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများကလည်း သင်တန်းကာလအတွင်း ပျက်ရက်မရှိ တက်ရောက်စေလိုကြောင်း ပြောကြားသည်။ သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့ထိ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်