ကျောက်တန်းမြို့နယ်၌ (၇၉)နှစ်မြာက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မီးဘေးလုံခြုံရေးအသိပညာပေး ဆောင်ရွက်

ကျောက်တန်း ဧပြီ ၂၃

၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့၌ကျရောက်မည့် (၇၉)နှစ်မြာက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးလောင်မှုမဖြစ်ပွားစေရေး မီးဘေးလုံခြုံရေးအတွက် ဧပြီလ ၂၂ ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်မှစ၍ အနောက်ပိုင်းရပ်ကွက်တွင် အိမ်ခြေ(၁၁၀)အား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ခြင်း၊ မီးလောင်မှုမဖြစ်ပွားစေရေး ဆောင်ရန်ရှောင်ရန်များကို ပြောကြားခြင်း၊ မီးသတ်အသိပညာ‌ပေး လက်ကမ်းစာစာင်များဖြန့်ဝေခြင်း အစရှိသည့် မီးဘေးလုံခြုံရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်း (ပြန်/ဆက်)