မြစ်သားမြို့နယ်တွင် ဘိလပ်မြေရောင်းသည့်ဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့် ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေး ဆောင်ရွက်

မြစ်သား  ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ  ဘိလပ်မြေရောင်းသည့်ဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ပေးခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  အနီးကပ်ကြီးကြပ်မှုဖြင့်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က လိုက်လံ စစ်ဆေးခဲ့သည်။

ထိုသို့ ဘိလပ်မြေရောင်းဆိုင်များစစ်ဆေးရာတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက် အင်ဂျင်နီယာဒေါ်သီတာယဥ်နှင့် တာဝန်ရှိသူများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မော်မော်အောင်နှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ပန်းအိဖြူနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြစ်သားမြို့နယ်အတွင်းရှိ  ဘိလပ်မြေရောင်းသည့်ဆိုင်များအားရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)