အလုံ ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ပင်စင်စားမိဘပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ် ကြည့်မြင်တိုင်ဘဏ်ခွဲသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်မေသန်းမြင့်ထွေးဦးဆောင်သော ကွင်ဆင်းဆေးကုသရေးအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်
ကြည့်မြင်တိုင်ဘဏ်ခွဲသို့သွားရောက်ပြီး ပင်စင်စားမိဘပြည်သူ သက်ကြီးပုဂ္ဂိုလ်များအား ကုသပေးခဲ့သည်။
အဆိုပါ ကွင်းဆင်ကုသပေးမှုတွင် အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)