ဒလ ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် အောင်နိုင်တိုးစပါး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ရခိုင်ချောင်(တောင်)ကျေးရွာအုပ်စု ၊ ကွင်းအမှတ်(၂၀၄-က)၊ ဦးပိုင်အမှတ်(၆/၃) ၊ ဧရိယာ(၅.၀၀)ဧကရှိ တောင်သူဦးထွန်းထွန်း၀င်း၏ လယ်မြေ၌စံပြရိတ်သိမ်းပွဲ ကျင်းပသည်။
အဆိုပါ နွေစပါးစံပြစိုက်ခင်းစံကွက်ရိတ်သိမ်းရာနေရာသို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်၀န်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်၀န်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့နှင့်အဖွဲ့၀င်များ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၈၀)ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် တောင်သူဦးထွန်းထွန်း၀င်း၏ ကွင်းအမှတ်(၂၀၄-က)၊ ဦးပိုင်အမှတ်(၆/၃)ရှိ လယ်မြေဧက(၅.၀၀)ဧက နွေစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာ တစ်ဧကအထွက်နှုန်း အခြောက်တင်း(၁၄၅.၁၂)တင်း ထွက်ရှိကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)