မြစ်သား ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မဈေးအအတွင်းရှိ အခြေခံစား သောက်ကုန်ပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်စေရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ကျောက်က်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မော်မော်အောင်နှင့် ဝန်ထမ်းများပူးပေါင်း၍ မြစ်သားမြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြစ်စေရေးတို့ကို လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူရေးရာကာကွယ်ရေးအသိပညာပေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)