တွံတေးမြို့စည်ပင်သာယာစျေး၌ (၇၉) နှစ်မြာက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်

တွံတေး ဧပြီ ၂၄

၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မီးဘေးအန္တရာယ်အသိပညာပေး ဆော်ဩခြင်းများကို တွံတေးမြို့ မြို့မစျေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးရာတွင် တွံတေးမြို့မဈေးတွင် တွံတေးမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်စိုးဦးဆောင်၍ သန္ဓေ (၁၀) ဦး ၊ အရန် (၅) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်၊ မြို့မဈေးစည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးနှင့် မီးငြိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/

ရှောင်ရန် နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ပြီး စျေးသူ/ စျေးသားများ၊ စျေးကော်မတီအဖွဲ့ဝင်များ၊ စျေးတာဝန်ခံများအား မီးလောင်းပါက မီးသတ်ဆေးဘူးဖြင့် လက်တွေ့အသုံးပြုနည်းအား သင်ကြားပေးခြင်း ဈေးအတွင်း၌ ထားရှိသည့် မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန် ဈေးတာဝန်ခံများအား မှာကြားကာ ဈေးအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ မီးသတ်ရေကန်များထားရှိမှု စျေးပတ်လည်တွင် မီးငြိမ်းသတ်ရန် ရေပိုက်ငုတ်များထားရှိမှုအား ဆင်းစစ်ဆေးပြီး မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တွံတေးသား