ငါန်းဇွန် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၈နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ဘိလပ်မြေရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်သတင်းတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းမှ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တို့အား ဘိလပ်မြေရောင်းချနေမှု ကွင်းဆင်းစိစစ်ခဲ့ရာ အရောင်းဆိုင်(၂)ဆိုင်တွင် ဘိလပ်မြေပြတ်တောက်လျက်ရှိပြီး၊ ကျန်(၁)ဆိုင် တွင် မန္တလေးမြို့ပေါ်နှင့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ လက်လီဆိုင်များမှ ဝယ်စျေး (၂၃၀၀၀/-) (၂၄၀၀၀/-)(၂၅၀၀၀/-) ကျပ်ဖြင့် လက်လီဝယ်ယူကာ မြို့နယ်တွင်း ရောင်းစျေး (၂၈၀၀၀/-)၊ (၂၉၀၀၀/-) ကျပ်ဖြင့် ရောင်းချနေမှု အခြေအနေကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)