မြင်းခြံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ပုညသဟာယနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းတွင် သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူ

မြင်းခြံ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့နံနက် (၅) နာရီအချိန်က မြင်းခြံ ပုညသဟာယနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းတွင် လောင်းလှူခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ အရုဏ်ဆွမ်းလောင်းလှူရာတွင် မြင်းခြံမြို့အတွင်းရှိ သံဃာတော်အပါး (၇၁၂) ပါးအား ပဲပြုတ်ထမင်းဆီဆမ်း၊ ကြက်သား၊ ငပိကြော်နှင့်သရက်ချဉ် သုတ်များအား လောင်းလှူခဲ့ကြသည်။ အရုဏ်ဆွမ်းလောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လောင်းလှူခဲ့သည်။

မြင်းခြံမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ (၂)လလျှင် တစ်ကြိမ် အရုဏ်ဆွမ်း လောင်းလှူလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)