မြင်းခြံ ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
မတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းအချိန်တွင် မီးလောင်မှုကြောင့် နေအိမ်များ ပျက်စီးသွားသည့် အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး (၅) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၅၅၅၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများကပေးအပ်ခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)