မိတ္ထီလာ ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၄၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ မိတ္ထီလာကန်၊ မုန်တိုင်၊ ချောက်ကောက်ဆည်ရေများဖြင့် နွေစပါးစိုက်ဧက ၄၀၀ အား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့ပြီး ၎င်းလျာထား သတ်မှတ်ထား သည့်စိုက်ဧကများ သတ်မှတ်လျာထားချက် ပြည့်မီရေးနှင့် ပန်တိုင်းအထွက်နှုန်းထွက်ရှိရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာရှိ တောင်သူ ၇၆ ဦးမှ ကွင်း ၃ ကွင်းဖြင့် နွေစပါးစိုက်ပျိုးဧက ၁၉၀ဧက၊ ညောင်ကိုင်ကျေးရွာအုပ်စု ညောင်ကိုင်ကျေးရွာရှိ တောင်သူ ၂၇ ဦးမှ ကွင်း ၁ ကွင်းဖြင့် နွေစပါးစိုက်ဧက ၆၀ ဧက၊ ကွက်ငယ်ကျေးရွာအုပ်စု ကွက်ငယ်ကျေးရွာရှိ တောင်သူ ၂၈ ဦးမှ ကွင်း ၂ ကွင်းဖြင့် နွေစပါးစိုက်ဧက ၅၀ ဧက နှင့် ကန်နီကျေးရွာအုပ်စု မကျီးစုကျေးရွာတွင် တောင်သူ ၄၇ ဦးမှ ကွင်း ၂ ကွင်းဖြင့် နွေစပါးစိုက်ဧက ၁၀၀ တို့ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)