ကျောက်ဆည် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်(၉)နာရီခွဲက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစာကြည့်တိုက်သင်တန်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက စာကြည့်တိုက်အမျိုးအစားများ အကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှု စနစ်၊ စာငှားလုပ်ငန်း၊ စာကြည့်တိုက်ပုံမှန်စစ်ဆေးခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း မြှင့်တင်ရေးဆောက်ရွက်သွားရမည့်လုပ်ငန်းစဉ်များ၊ စာကြည့်တိုက်အောင်မြင်ရေး ပြုပြင်ဆောင်ရွက်ရန်အချက်များ အကြောင်းရှင်းလင်း သင်ကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ပြည်သူ့စာကြည့်တိုက်များဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာနှင့် ထူးခြားသည့်ဝိသေသနများ အကြောင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင်ရုံးနှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ စာကြည့်တိုက် လက်ထောက်(၃)၊ ရုပ်သံကျွမ်းကျင်(၃)၊ အငယ်တန်းစာရေးများ တက်ရောက်ခဲ့ပြီး သင်တန်းအား ဧပြီ (၂၃)ရက်မှ (၂၄)ရက်နေ့အထိ (၂)ရက်ကြာစာတွေ့လက်တွေ့ စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)