သင်္ဃန်းကျွန်းမြို့နယ်၌ (၇၉)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

သင်္ဃန်းကျွန်း ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၌ (၇၉)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမိုးသီဟဇော်ဦးဆောင်၍ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၀၉း၀၀)အချိန်တွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမိုးသီဟဇော်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ (၃)ဦး ပူးပေါင်းအဖွဲ့ဖြင့် ကြီးပွားရေးရပ်ကွက်အတွင်းရှိ အိမ်ခြေ(၇၉)ခုအား တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် စ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ရပ်ကွက်အတွင်းရှိ ပြည်သူများထံ အသိပညာပေး ဖြန့်ဝေ‌ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းအောင် (ခရိုင်ပြန်/ဆက်)