ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းလိုက်လံစစ် ဆေး

ကျောင်းကုန်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၉ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ် (၂) ရပ် ကွက်အတွင်းရှိ နေအိမ်အဆောက်အဦများအား တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့သည်။

ဆက်လက်၍ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်အတွင်းရှိ လူနေအိမ်ခြေများမီးသုံး စွဲမှု စနစ်တကျရှိစေရေး၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းလျက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)