မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အခြေခံပညာစာသင်ကျောင်းများအား ပြန်လည်ထူထောင်ရှင်းလင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

မြစ်သား ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အခြေခံပညာစာသင်ကျောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြန်လည်ထူထောင် ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ ကျောင်းသားမိဘများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများ၊ ရပ်ကွက်နေပြည်သူများဖြင့် ပူးပေါင်း၍ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ ရှင်းလင်းရာတွင် အခြေခံပညာစာသင်ကျောင်း (၁၃၆) ကျောင်းရှိသည့်အနက်မှ ထိခိုက်ပျက်ဆီးခဲ့သည့် အ.ထ.က ကျောင်း(၁၅)ကျောင်း၊ အ.လ.ကကျောင်း (၁၈) ကျောင်း၊ မူလတန်း (၆၉) ကျောင်း၊ စုစုပေါင်း ထိခိုက်ပျက်စီး (၁၀၂) ကျောင်း ပြိုကျပျက်စီးခဲ့ရာ ယခုဧပြီလ (၂၂) ရက်နေ့တွင် စာသင်ကျောင်းများ ကြီးကြပ်နိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများအဖွဲ့ (၄) ဖွဲ့ တာဝန်ခွဲဝေသတ်မှတ်ထားပြီး အ.ထ.က မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်သောအဖွဲ့များ၊ အ.ထ.က(မြို့မ) မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ဆောင်သောအဖွဲ့များ၊ အ.ထ.က (လမ်းခွ) မွေး/ကုဦးစီးမှူး ဦး‌ဆောင်သောအဖွဲ့များ၊ အ.ထ.က (ကူမဲ) ကူမဲမြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော် ဦး‌ဆောင်သော အဖွဲ့များ ၊ အ.ထ.က (သာလွန်) ငါးလုပ်ငန်းဦးစီးမှူးဦး‌  ဆောင်သောအဖွဲ့များ၊ အ.ထ.က (ရွာခိုင်ကြီး) ရွာခိုင်ကြီးစခန်းမှူး ဦးဆောင်သော အဖွဲ့များ၊ အ.လ.က(၁၈)ကျောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများရပ်ကွက်၊ ကျေးရွာအုပ်ရေးမှူးများနှင့်အဖွဲ့များ၊ အ.မ.က(၆၉) သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ရပ်ကွက်၊ ကျေးရွာဒေသခံပြည်သူများက မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အခြေခံ ပညာာစာသင်ကျောင်းများအား ပြန်လည်ထူထောင်ရှင်းလင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)