နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ငလျင်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ဥတ္တရသီရိ ဧပြီ ၂၂

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော သာသနိကအဆောက်အဦများနှင့်  အထူးကုဆေးရုံကြီးများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိန္ဓိရပ်ကွက်ရှိ ဝဇီရာနန္ဒသုဘောဒါရုံ စာသင်တိုက်သို့ရောက်ရှိပြီး တိုက်အုပ်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လောကသမန္တိ တောင်ခြေဥယာဉ်ကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူး‌မြော်ကြည်ညိုကာ ကျောင်းထိခိုက်ပျက်စီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ ကုတင်(၅၀၀) ကလေးအထူးကုဆေးရုံသို့ ရောက်ရှိပြီး ကုတင်(၅၀၀) အထူးကုဆေးရုံကြီးများဖြစ်သော သားဖွားမီးယပ်၊ ကလေး၊ အရိုးအကြော၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် လည်ပင်းရောဂါဆေးရုံများ၏ ဆေးရုံအုပ်ကြီးများနှင့် တွေ့ဆုံကာ ဆေးရုံအတွင်း လျှပ်စစ်မီးရရှိရေးနှင့် လုံခြုံရေးလမ်းမီးများ အမြန်ဆုံးရရှိရေးအတွက် သက်ဆိုင်ရာဆေးရုံအုပ်ကြီးများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့တို့အား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်/သူနာပြု ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်အူ‌ချောင်း၊ ငါးသေတ္တာနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ဆင်ကျုံးတောရကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူး‌မြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဘုရားစေတီများပျက်စီးဆုံးရှုံးမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)