မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့် ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာစျေးနှုန်းဖြင့် ရောင်းချပေး

မဟာအောင်မြေ ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကာ ဆန်၊ ဆီ၊ အသားငါး စားသောက်ကုန်များ သက်သာသောနှုန်းထား‌ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

သက်သာသောနှုန်းထားဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး‌ နေ့စဥ်ဈေးရောင်းကား ၂ စီးဖြင့် (၆)မြို့နယ် လှည့်လည်ရောင်းချလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက် ၈၉ လမ်း ၃၆ လမ်းထောင့်တွင် ရောင်းချပေးလျက်ရှိရာ ဆန် ၁ ပြည် ၄၀၀၀ ကျပ်၊ ဆီ ၁ ပိဿာ ၈၅၀၀ ကျပ်၊ ဆား ၅၀ ကျပ်သား ၆၅၀ ကျပ်၊ ငရုတ်သီးအကြမ်းမှုန့် ၁၀ ကျပ်သား ၁၅၀၀ ကျပ်၊ ကုလားပဲ ၂၅ ကျပ်သား ၁၈၀၀ ကျပ်၊ ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်၊ အမဲ ၁ ပိဿာ ၂၅၀၀၀ ကျပ်၊ ဆိတ် ၁ ပိဿာ ၂၈၀၀၀ ကျပ်၊ ကြက်သား ၁ ပိဿာ ၂၀၀၀၀ ကျပ်ငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံကြက်ဥ ၁ လုံး ၄၀၀ ကျပ်နှင့် ဘဲဥ ၁ လုံး ၅၅၀ ကျပ်တို့ဖြင့် ပြည်သူလူထုအလွယ် တကူဝယ်ယူ နိုင်စေရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)