ရန်ကုန် ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီခွဲက လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းဘေးရေမြောင်းရေစီးရေလာကောင်းမွန်စေရေး အမှိုက်နှင့် မြောင်းချေးများဆယ်ယူရှင်းလင်းနေမှုနှင့် အုပ်မိုးသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ လမ်းမတော်မြို့နယ်၊ ၁၄ လမ်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်နေမှု၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလမ်းဘေးရေမြောင်းရေစီးရေလာကောင်းမွန်စေရေး အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများ ပိတ်ဆို့မှုမဖြစ်စေရေးမြစ်ထွက်ပေါက်အထိ ရှင်းလင်းရန်၊ရေမြောင်းအဖုံးများ စနစ်တကျဖုံးအုပ်ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အင်းလျားရိပ်သာလမ်းသန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုနှင့် အင်းလျားကန်ရေပိုလွှဲသို့ သွားရောက်၍ အင်းလျားကန်ရေမျက်နှာပြင် တိုင်းတာထားရှိမှု၊ ရေကျော်ပေါက်များ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်ကကန်ရေမျက်နှာပြင် အမှတ်အသားများ မြင်သာထင်ရှားစွာဆောင်ရွက်ထားရှိရန်နှင့် အင်းယားကန်ပတ်လည် သန့်ရှင်းသာယာလှပရေးနှင့် ပန်းအလှပင်များစိုက်ပျိုးရန်တို့ကို မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အင်းလျားကန်သည် ကန်ရေပြင်အကျယ်အဝန်း ၉၆၀ ဧကရှိ၍ ကန်ရေပြည့်အမှတ်ပင်လယ်ရေမျက်နှာပြင်အထက် ၄၈ ပေရှိသဖြင့် ရေပြည့်အမှတ် မရောက်မီကန်တော်ကြီးသို့ ၃၀ လက်မပိုက်ဖြင့် ပေးပို့ခြင်း၊ ရေပိုလွှဲမှတစ်ဆင့် ရေပေါက်ကြည်ချောင်းသို့ ဖောက်ထုတ်ခြင်းတို့ဖြင့် ရေကြီးရေလျှံမှုမဖြစ်စေရန် ကန်ရေအားထိန်းညှိဆောင်ရွက်လျက်ရှိသည်
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်တံတားအမှတ်(၁)အနီး လှိုင်မြစ်အတွင်းသို့ စီးဆင်းသည့် ရန်ကုန်ပုသိမ်လမ်းဘေးရေစုကန်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုနှင့် လှိုင်မြစ်ထွက်ပေါက်ရေတံခါးတို့ကို ကြည့်ရှုစစ်ဆေးပြီးရေကြီးရေလျံမှုမဖြစ်စေရေး ရေတံခါးအားအဖွင့်အပိတ်ပြုလုပ်ပေးရန်နှင့်ရေတံခါးပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ရန်တို့ကို မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့မှတစ်ဆင့် မြို့တော်ဝန်နှင်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၄) ရပ်ကွက် ဘုရင့်နောင်တံတားအောက်ပန်းခြံတွင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက မြေယာရှုခင်းကောင်းမွန်စေရန်ယိုးဒယားဘဲစားမြက်၊ စင်္ကာပူချယ်ရီပင်များ၊ ဘွန်ဆိုင်းပင်များ၊ ရောင်စုံစက္ကူပန်းပင်များနှင့် Poulownia ပင်များစိုက်ပျိုးထားရှိမှု၊ တံတားအောက်တွင် ယာဉ်ရပ်နားရန် ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ပန်းခြံအတွင်းသန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်ပုသိမ်လမ်းဘေး ဝဲ/ယာ တစ်လျှာက် အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)က လူသွားစကြန်လမ်းဆောင်ရွက်နေမှု၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရန်ကုန်-ပုသိမ်လမ်းဘေးဝဲ/ယာရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-ညောင်တုန်းလမ်းဘေးရေစုကန်ရေမြောင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီဆောင်ရွက်ရန်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ပန်းလှိုင်လမ်းထောင့်နေရာတွင် ယာဥ်များ ရပ်နားနိုင်ရန် ကွန်ကရစ်ခင်းကျင်းရန်၊ လူသွားစကြန်နှင့် ရေမြောင်းကြားရှိ မြက်ပင်များ ရှင်းလင်းရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ကနောင်မင်းသားကြီးလမ်းတွင် ပန်းဥယျာဥ်နှင့် အားကစားကွင်းများဌာနက အလျား ၅၀၃ ပေ၊ အနံ ၃၀၅ ပေကျယ်ဝန်းသည့် နေရာတွင်ဘေားလုံးအားကစားကွင်းနှင့် ဖူဆယ်အားကစားကွင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)