မြောက်ဥက္ကလာပ ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ် နေရာများတွင် ရောင်းချပေးခဲ့ကြသည်။
ထို့သို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံး ၃၆၅ ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ ၁၀၅၀၀ လုံးအား မြို့နယ်အတွင်းရှိ(ဆ)ရပ်ကွက်၊ မေဓာဝီလမ်း၊(ရွှေပေါက်ကံ/၁၄ )ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း၊ (ည)ရပ်ကွက်၊ခေမာကျောင်းလမ်းရပ်ကွက်များအလိုက် တာ၀န်ရှိသူများက စနစ်တကျဖြန့်ဝေရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာတာ၀န်ရှိသူများကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး၀န်ထမ်းများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)