ဥတ္တရသီရိမြို့နယ်၌ မန္တလေးမြေငလျင်ကြီးသင့်ခံခဲ့ရသည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဥတ္တရသီရိ ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးသင့်ခံခဲ့ရသောဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့မွန်းလွဲပိုင်းက တပ်မတော်နေ့ စစ်ရေးပြ၊ ကျန်စစ်သားစစ်ကြောင်း တပ်ခွဲ(၂) ဒုတိယမှူးကြီး မြင့်နိုင် ဦးစီး‌သောတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူပြည့်ဖြိုးမင်းတို့ပူပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ် သစ်ဝင်တိုင်းနယ်မြေ ကယ်ဆယ်ရေးစခန်းပြုပြင်ခြင်းနှင့် ရေမြောင်းတူးခြင်း၊ သစ်ဝင်တိုင်းကျေးရွာအတွင်း ငလျင်ဘေးသင့်နေအိမ်များကူညီဖြိုဖျက်၍ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)