နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

အမရပူရ ဧပြီ ၁၉

အမရပူရမြို့နယ်၊ ဘနောကျေးရွာအုပ်စု၊ ဘနောကျေးရွာ လျပ်စစ်မြစ်ရေတင်ဧရိယာအတွင်းရှိ တောင်သူ ဦးသက်ခိုင်၊ ကွင်းအမှတ် ၆၅၀ ဦးပိုင်အမှတ် ၁၇၀ တွင် ယမန်နေ့က စက်မှုလယ်ယာကောက်စိုက်စက်ဖြင့် ရွှေသွယ်ရင်စပါးမျိုးစိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော ရေအရင်းအမြစ် မြစ်ရေတင်မြောင်းများ ပျက်စီးခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်း များရှိခဲ့သော်လည်း အမြန်ဆုံးပြန်လည်ပြုပြင်ပြီး နွေစပါးစီမံကိန်းကို မြစ်ရေတင်စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးနိုင်ခဲ့သည်။

ရေအရင်းအမြစ် ၊စိုက်ပျိုးရေး၊ စက်မှုလယ်ယာ ဌာန ၃ ခု ပူးပေါင်းဆောင်ရွက်မှုဖြင့် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်းကာ ရက်၉၀ စပါးမျိုး၈ ဧက၊ ရွှေသွယ်ရင်စပါးမျိုး ၁၂ ဧက ခန့်ကို ကောက်စိုက်စက်ဖြင့် ဆက်လက်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေစပါး လျာထားဧက ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စပါးစိုက်ဧကများ ရေအလုံအလောက်ရရှိနိုင်ရန် ညီနောင်မိတ်ဖက်ဌာနများ လျပ်စစ်ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေးဌာနထံမှ သိရှိရသည်။

စိုးသီဟ