မဟာအောင်မြေ ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် စားသောက်ဖွယ်ရာပစ္စည်းများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုများကို မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက တာဝန်ယူ၍ မိမိရပ်ကွက်အတွင်း အိမ်ထောင်စုတစ်စုလျှင် ကွတ်ကီ (၂) ထုပ်၊ သောက်ရေသန့် (၁) ဗူး၊ ဓာတ်ဆားရေ (၁) ဗူး၊ ငါးခြောက် ၂၅ သား၊ ခေါက်ဆွဲခြောက်အသေး ၄ ထုပ်နှင့် အိမ်ထောင်စုတစ်စုအတွင်းရှိ လူဦးရေတစ်ဦးချင်းစီကိုလည်း ဆန် (၁) ပြည်စီနှုန်းဖြင့် လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း