ဒဂုံတောင် ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုးသာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးအတွက် ပြည်သူများအသွားအလာများသော ဈေးများ၊ လမ်းဆုံလမ်းထောင့်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ရောင်းချပေးရာတွင် Myanmar C.P Livestock Co.,ltd မှ ကြက်ဥ(၇၀၀၀)လုံး ထုတ်ယူ၍(၁၀၆)ရပ်ကွက်၊ ကေတုမတီလမ်း၊ ကေတုမတီဈေးတွင် ကြက်ဥတစ်လုံးလျှင် (၃၆၅/-)ကျပ်နှုန်းဖြင့် ယနေ့နံနက်၇နာရီမှစ၍ ကြက်ဥ (၇၀၀၀)လုံးကုန်သည်အထိ ရောင်းချပေးကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သတင်းရရှိသည်။
သန်းသန်းအေး