မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

​ပြင်ဦးလွင် ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၇ ခု၊ မြန်မာနှစ်ဆန်း (၁) ရက်၊ ယမန်နေ့၊ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အန္တရာယ်ကင်းပရိတ်တရားတော်လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီး ဦးကေသရ (မြို့လယ်ရွှေစည်းခုံကျောင်းတိုက်) မှ ဦးဆောင်၍ ပြင်ဦးလွင်မြို့ပေါ်ရှိ သံဃာအပါး (၂၀) တို့မှ ရပ်ကွက်ကြီး (၂) ရှိ ဈေးလေးမီးပွိုင့်လမ်းဆုံ မှစတင်၍ မန္တလေး - လားရှိုးလမ်းအတိုင်း - ဝက်ဝံကျေးရွာအထိ - ဝက်ဝံကျေးရွာမှ မန္တလေး - လားရှိုးလမ်းအတိုင်း - ရပ်ကွက်ကြီး (၁၀) - သိင်္ဂီလမ်း - ချယ်ရီလမ်း- မြို့ပတ်လမ်းအတိုင်း - ဂန္ဓမာမြိုင်အဝိုင်း - ဂေါက်ကွင်းလမ်းအတိုင်း - နန်းမြိုင်လမ်း- ကျောက်တောင်လမ်းဆုံ- မန္တလေး- လားရှိုးလမ်း အတိုင်း- ရပ်ကွက်ကြီး (၁၇) ရှိ အနီးစခန်း လေဆိပ်လမ်းဆုံမှ မန္တလေး- လားရှိုးလမ်းအတိုင်း ပြင်ဦးလွင်မြို့အဝင် ကျောက်တောင် - မြို့အဝင်အဝိုင်းပတ်မှ မြို့ပတ်လမ်းအတိုင်း - ဘူတာလမ်းဆုံမှ ဈေးလေးမီးပွိုင့်လမ်းဆုံအထိ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)