လမ်းမတော် ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း မဟာသင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် စတုဒိသာ အာဟာရကျွေးမွေးခြင်းများကို ဧပြီ(၁၃)ရက်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၁၃လမ်းထောင့်ရှိ သင်္ကြန်မင်းသားစတုဒိသာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာလမ်းမတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့်တာဝန်ရှိသူများက မြန်မာ့ရိုးရာအစဥ်အလာမပျက်သပြေခက်များ၊ အမွှေးနံ့သာများတို့ဖြင့် ပြည်သူများအားပက်ဖျန်း၍ ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး ကြာဆံချက်စတုဒိသာ အာဟာရများကိုလည်း ပြည်သူများအား ကျွေးမွေးခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာအစဥ်အလာမပျက် စတုဒိသာအာဟာရကျွေးမွေးခြင်းကို မဟာသင်္ကြန်အကြိုနေ့မှအတက်နေ့အထိကာလအတွင်း နေ့စဥ်နေ့တိုင်းဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)