အမရပူရ ဧပြီ ၁၁
အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းရှိ မန္တလေးအင်အားပြင်ငလျင်လှုပ်ခက်မှုကြောင့် ပျက်စီးသွား နေထိုင်ရန်မသင့်ကျောင်းဆောင် တိုက်သစ်ကျောင်းနှင့်ရေစဥ်တို့အား ယမန်နေ့ ၂ နာရီခွဲအချိန်က ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းမှုကို အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၏ လမ်းညွန်မှုအရ အမရပူရမြို့နယ်ထွေအုပ်မှ ဒု-ဦးစီး ဦးနေလင်းအောင်က အနီးကပ်ကြီးကြပ်ပြီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ စည်ပင်နှင့် အမရပူရမြို့ပြစီမံကိန်းမှ စက်ယန္တယားများဖြင့် အန္တရာယ်ကင်းစွာ ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အန္တရာယ်ရှိကျောင်းဆောင်များကို ဖယ်ရှားရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)