သန်လျင်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ဆက်လက်ကျင်းပ

ရန်ကုန် မတ် ၂၇

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီမှစ၍ သန်လျင်ခရိုင် သန်လျင်မြို့ သာသနာ့ဗိမာန်တော်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲအား ကြီးကြပ်ဆရာတော်များ၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်များက စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးတော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ ၊ ဥပထ္ထာက တက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြသည်။

သန်လျင်မြို့နယ်တွင်ကျင်းပလျက်ရှိသော ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာတော်နှင့် သီလရှင် (၃၁)ပါးဖြေဆိုရန် စာရင်းပေးသွင်းထား ပြီးမတ် (၂၅) ရက်မှ ဧပြီ (၆) ရက်နေ့အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ  (ခရိုင်/ပြန်ဆက်)